လာအိုနိုင်ငံရှိလူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း

အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် ပျောက်ကွယ်လျက်ရှိသော  ခေါင်းဆောင် Sombath Somphone အကြောင်းကို အလေးထားဆွေးနွေးသင့်,လွတ်လပ်မှုကို ငြင်းဆိုခြင်း

ဘန်ကောက၊် ၃၁ ရက်နေ့၊ သြဂုတ်လ၊ ၂၀၁၆။ ဗီယန်ကျင်းမြို့တွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးမတိုင်မီညနေတွင် တရားမ၀င်ထိန်းသိမ်းအကျဉ်းချခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်စဉ်များ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်အကြမ်းဖက်မှုများကို ဆွေးနွေးအဖြေရှာရန် လာအိုနိုင်ငံအစိုးရအား လူ့အခွင့်အရေးဆိုင်ရာအဖွဲ့များက တောင်းဆိုလိုက်ပါသည်။ စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ အထိပြုလုပ်မည့် အာဆီယံအစည်းအဝေးတွင် ကမ္ဘာနိုင်ငံခေါင်းဆောင်များသည် လူ့အခွင့်အရေးဆိုင်ရာ ပြသာနာများကို ဆွေးနွေးအဖြေရှာနိုင်ကြမည် ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် လူ့အခွင့် အရေးနှင့်ရပိုင်ခွင့်များ၊ မီဒီယာလွတ်လပ်ခွင့်၊ ဒီမိုကရေစီ၊ ဘာသာရေးလွတ်လပ်ခွင့်နှင့် စီးပွားရေး ပွင့်လင်း မြင်သာမှု တိုင်းတာရေးစံနှုန်းအဆင့်များတွင် လာအိုနိုင်ငံအား အောက်ဆုံးအဆင့်ရောက်စေသည့် ညှဉ်းပန်းနှိပ်စက်မတရားပြုမှုများကို မပြုလုပ်ရန် လာအိုအစိုးရအား ဖိအားပေးသင့်သည်။

Logo-Sombath Initiative

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် The Sombath Initiative က ဦးစီးပြီး ယနေ့ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင် Sombath Somphone ရုတ်တရက်ပျောက်ကွယ်သွားမှု၊ လာအိုနိုင်ငံ၏ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာတားမြစ်ချက်များ၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အားနည်းခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကတိက၀တ်များကို ဖော်ဆောင်ရန်ပျက်ကွက်ခြင်းနှင့် နိုင်ငံတကာအထောက်အပံ့များနှင့် ရင်းနှီး မြှုပ်နှံမှုအကျိုးသက်ရောက်မှုများ ပါဝင်သည့်စာတမ်းများကို ထုတ်ပြန်ခဲ့ကြသည်။
Continue reading “လာအိုနိုင်ငံရှိလူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း”